Breaking

Adbox

Thursday, 15 June 2017

ယူရို ၁၄ သန်းကျော် အခွန်ရှောင်ခြင်းမရှိဟု ရီးရဲလ်တိုက်စစ်မှူးစီရိုနယ်ဒို ငြင်းဆိုပယ်ချ

ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် စပိန်တွင် အခွန်ယူရို ၁၄ ဒသမ ၇ သန်း ရှောင်တိမ်းခဲ့သည်ဟု စပိန်အခွန်ရုံးမှ အမှု လိုက်ရှေ့နေများက စွပ်စွဲခဲ့ပြီး အယ်လ်ကော်ကွန်အရပ်တရားရုံးသို့ ဦးတိုက်တိုင်ကြားခဲ့ကြောင်း ဇွန် ၁၄ ရက်သတင်း များအရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်၌ အဆိုပါ အမှုတိုင်ကြားခြင်း ဖြစ်ခဲ့ပြီး စီရိုနယ်ဒိုသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား ရရှိ သော ပုံရိပ်အသုံးပြုခများကို အခွန်ရှောင်တိမ်းနိုင်ရန် ၂၀၁၀ ပြည့်နှစ်ကတည်းက ကုမ္ပဏီဖွဲ့စည်းပုံကို အကြံအစည်နှင့် မူပြောင်းခဲ့ကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အသက် (၃၂) နှစ်ရှိပြီဖြစ်သော စီရိုနယ်ဒိုသည် ၂၀၀၉ ခုနှစ်၌ မန်ယူမှ ရီးရဲလ်သို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပြီး မန်ယူတွင် ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအဖြစ် ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သော Tollin အဖွဲ့ မှ စီမံခန့်ခွဲခဲ့ကာ မန်ယူတွင်နေခဲ့သည့် ခြောက်နှစ်အတွင်း အသားတင်အမြတ် ယူရို ၁၂၇၅၃၆၈၅၂၈ ရရှိခဲ့ပြီး စီရိုနယ်ဒို ဘက်မှ စပိန်သို့ရောက်အပြီး ငွေကြေး စီမံခန့်ခွဲမှုများကို ၎င်း၏အေးဂျင့် ဂျော့ခ်ျမန် ဒက်စ်ဦးစီးသည့် Gestifute မှ စီမံကိုင်တွယ်ပြီး ဂျော့မန်ဒက်စ်က ယခုစပိန်အမှု လိုက် ရှေ့နေများစွပ်စွဲချက်ကို ငြင်းဆန် ပယ်ချခဲ့သည်။ စီရိုနယ်ဒို စုစုပေါင်းအခွန် ရှောင်ခဲ့သည့် ပမာဏသည် အတိအကျ အားဖြင့် ယူရို ၁၄၇၆၈၈၉၇ ဖြစ်သည်ဟု စွဲချက်တင်ထားရာ ဂျော့ခ်ျမန်ဒက်စ်က
' ၂၀၀၄ ခုနှစ်ကတည်းက စီရိုနယ်ဒိုနဲ့ ပတ် သက်တဲ့ စီမံဆောင်ရွက်မှုတွေကို မန်ယူ အသင်းကစားသမားဘ၀မှာ Tollin က ရာနှုန်းပြည့်စီမံတယ်။ ရီးရဲလ်ကို မပြောင်းမီ ခြောက်နှစ်အတွင်းမှာ ဒီအဖွဲ့က အသားတင်အမြတ် ယူရို ၁၂၇၅၃၆၈၅၂၈ ရခဲ့ တယ်။ ရီးရဲလ်ကို ရောက်ပြီးနောက်ပိုင်းမှာ ဘယ်လိုအခွန်မျိုးကိုမှ ရှောင်ရှားခဲ့တာလည်း မရှိဘူး။ အခွန်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတောင် ဒီကိစ္စကို ကူညီဖြေရှင်း ပေးမယ်လို့ ပြောခဲ့တာပါ။ ငွေကြေးမသမာ မှုမျိုး လုံးဝမရှိခဲ့ပါဘူး ' ဟု ငြင်းဆိုခဲ့
သည်။

No comments:

Post a Comment

Adbox