Breaking

Adbox

Thursday, 15 June 2017

ပုသိမ်မြို့နယ် သလပ်ခွာသစ်တောဘိနယ်အတွင်း တောဆင်ရိုင်းတစ်ကောင် အသတ်ခံရ

ပုသိမ်မြို့နယ် သလပ်ခွာ သစ်တောဘိနယ် အကွက်အမှတ် (၂၇)အတွင်း ဇွန်လ ၁၃ ရက်က တောဆင်ရိုင်းတစ်ကောင် သတ် ဖြတ်ခံရကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

သေဆုံးသည့်ဆင်သည် အ လျား ၁၁ ပေ၊ အမြင့် ၆ပေ၊ လုံး ပတ် ၁၄ပေ၊ နှာမောင်းအရှည် ၅ ပေနှင့် အမြီးအရှည် ၅ပေရှိသည်။ ထို့အပြင် ရှေ့ခွာငါးခု၊ နောက်ခွာလေးခုရှိသည့် အနက်ရောင် ဆင်ထီးဖြစ်သည်။ ထိုဆင်သည် မြောက်အရပ်သို့လှည့်၍ ပုဆစ်တုပ် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိ ရသည်။

‘‘ဆင်က အဆိပ်မိပြီး သေ တယ်လို့ သုံးသပ်တယ်။ ဆင်ရဲ့ ပါးဘယ်ညာမှာ မြားစိုက်ဝင်ထား တဲ့ ဒဏ်ရာအဟောင်းလိုမျိုးတွေ့ တယ်။ နှာမောင်းကလည်း သွေး ယိုစိမ့်နေတယ်။ လျှာထွက်ကျနေ တဲ့ပုံစံ၊ စအိုကနေ အူထွက်ကျနေ တဲ့ ပုံစံတွေက အရင်က ကျွန်တော်တို့ အတွေ့အကြုံအရ အဆိပ်လူးမြားနဲ့ ပစ်သတ်ခံရတဲ့ ဆင်တွေရဲ့ ပုံသဏ္ဌာန်နဲ့ တူနေတယ်။ ဒါကြောင့် အသတ်ခံရတာလို့ သုံး သပ်တယ်’’ဟု သစ်ထုတ်လုပ်ရေးဦးစီးဌာန လက်ထောက်မန်နေဂျာ ဦးမျိုးအောင်ကပြောသည်။

အဆိုပါဆင်သေကို ငွေ ဆောင်-ချောင်းသာ ကားလမ်းရှိ ဆင်များ သွားလာကျက်စားသည့် နေသိုးကျေးရွာအနီးတွင် တွေ့ရှိ သည်။

မြားဖြင့် အပစ်ခတ်ခံရသော ဒဏ်ရာကြောင့် ဒယိမ်းဒယိုင် လဲ ကျခဲ့သည့် နေရာများနှင့် သေ ဆုံးနေသည့် နေရာကို တွက်ချက်ပါက သုံးမိုင်ခန့်အကွာမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သလပ်ခွာသစ်တောဘိနယ်အတွင်း အသတ်ခံရသည့် တောဆင်ရိုင်း (ဓာတ်ပုံ − ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး)
Credit To :7daydaily >> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Adbox