Breaking

Adbox

Thursday, 15 June 2017

ဖျော်ဖြေပွဲမှာ ရေဘူးနဲ့ပစ်ပေါက်ခံရတဲ့ ဂျပ်စတင်ဘီဘာ

ကနေဒါအဆို တော် ဂျပ်စတင်ဘီဘာသည် ဂီတ ဖျော်ဖြေပွဲတစ်ခုတွင် ရေဘူးနှင့် ပစ်ပေါက်ခံခဲ့ရသည်။

ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ ၌ ကျင်းပသည့် ဖျော်ဖြေပွဲ၌ လာ ရောက်ကြည့်ရှုသော ပရိသတ်များ က ‘Despacito’ အမည်ရ စပိန် သီချင်းကို သီဆိုရန် တောင်းဆိုမှု ကို အသက် (၂၃) နှစ်အရွယ် ဂျပ်စတင်ဘီဘာက ငြင်းဆိုလိုက် ပြီးနောက် ထိုသို့ရေဘူးနှင့် ပေါက် ခံရခြင်းဖြစ်သည်။

လက်ရှိလူကြိုက်များ ရေပန်း စားနေသော ‘Despacito’ သီချင်း ကို ဂျပ်စတင်ဘီဘာနှင့်အတူ စ ပိန်အဆိုတော်များ ဖြစ်ကြသော ဒယ်ဒီယန်းကီးနှင့် လူစီဖန်တို့က ပူး ပေါင်းသီဆိုထားပြီး သီချင်းစာ သားအများစု စပိန်ဘာသာဖြင့် သီဆိုထားခြင်းဖြစ်သည်။

ဂျပ်စတင်ဘီဘာက ထိုသီချင်း၏    စပိန်စာသားများကို အလွတ်မရသောကြောင့် ငြင်းဆို ခဲ့ခြင်းဖြစ်သည်။

ရေဘူးဖြင့်လှမ်းပေါက်ခဲ့ သော်လည်း ဂျပ်စတင်ဘီဘာ၏ ဦးခေါင်းနှင့် လွဲချော်ခဲ့ပြီး ဘီဘာ က အေးဆေးတည်ငြိမ်စွာဖြင့် ‘ဝိုး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ရေဘူးနဲ့မပစ်ပါနဲ့’ ဟု ပြောခဲ့ သည်။

ဂျပ်စတင်ဘီဘာသည် ၂၀၁၃ ကလည်းဘရာဇီးနိုင်ငံတွင် ကျင်းပသော    ဂီတဖျော်ဖြေပွဲတစ်ခု၌ အလားတူရေဘူးဖြင့် အပေါက် ခံခဲ့ရသည်။

Ref:eonline

No comments:

Post a Comment

Adbox