Breaking

Adbox

Wednesday, 14 June 2017

မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထားဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကို ယခင်နှစ်ထက် တိုးမြှင့်ပြီး ကျပ်ငွေ ၁,၉၈၀ ဘီလီယံကျော်အထိ ပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

၂၀၁၆ ကမိုးစပါးချေးငွေကို ကျပ်ငွေ ၁,၅၀၀ ဘီလီယံကျော် ထုတ်ပေးခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ထပ်မံတိုးမြှင့်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးကပြောသည်။

လယ်ဧကပမာဏများစွာ စိုက်ပျိုးသည့်တောင်သူလယ်သမားများကို အစိုးရကသီးသန့်ပံ့ပိုးမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တောင်သူလယ်သမားများ အတွက် အစိုးရက စိုက်ပျိုးစရိတ် ချေးငွေပေးရာတွင် လယ် ၁၀ ဧက အထိသာပေးခြင်းကြောင့် လယ်ဧကများစွာ ပိုင်ဆိုင်သည့် (လုပ် ကွက်ကြီး) လယ်သမားများအတွက် အစိုးရ အကူအညီ မရသကဲ့သို့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့ကပြောသည်။

‘‘လယ်ယာကဏ္ဍကိုထောက် ပံ့ပေးမယ်ဆိုရင် ကောင်းပါတယ်။ လယ်ယာလုပ်ငန်းတွေအကောင်း ဆုံးဖော်ဆောင်နိုင်မယ့် ချေးငွေမျိုး၊ ကန်ထရိုက်လယ်ယာစနစ် ဖော် ဆောင်နိုင်မယ့် ချေးငွေမျိုးဖြစ်ရင် ပိုကောင်းတယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

တောင်သူလယ်သမားများ လယ်ယာသုံးစက်ကိရိယာများကို အလွယ်တကူ ဝယ်ယူနိုင်ရန် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ချေးငွေရယူပြီး နှစ်ဆင့်ချေးစနစ်ဖြင့် ငွေထုတ်ချေးရန် စီစဉ်နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အမျိုးသားလွှတ်တော်တွင် ပြောကြားထား သည်။

ဂျပန်နိုင်ငံမှ ယန်း ၁၅ ဘီလီ ယံ (ကန်ဒေါ်လာသန်း ၁၆၀ ခန့်) ချေးယူ၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စတင်ထုတ်ချေးရန် စီစဉ်ထားသည်။

ဒီချုပ်အစိုးရသည် မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင် ရွက်ချက်အချို့ စီစဉ်နေသော် လည်း အကျိုးသက်ရောက်မှုကို လယ်သမားများ မခံစားရသဖြင့် လယ်ယာလုပ်ငန်းခွင်ကို စိတ်ဝင်စားမှု နည်းလာကြောင်း ကျောင်းကုန်းမြို့နယ်နေ လယ်သမားဦးပြူးကဆိုသည်။
လုပ်ငန်းခွင်ဝင်နေသော တောင်သူလယ်သမားများ (ဓာတ်ပုံ − အီးပီအေ)
လုပ်ကွက်ကြီး လယ်သမား များကို အစိုးရက ထောက်ပံ့ပေးမှုအစီအစဉ်အပြင် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေကို အိမ်အရောက် ပေးအပ်ရန် ယခုနှစ်ဆောင်းသီးနှံငွေချေးချိန်တွင် စတင်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောကြားထားသည်။

လယ်ယာကဏ္ဍတွင်ငွေချေး ခြင်းအပြင် လယ်ယာကဏ္ဍတစ်ခု လုံး ဖွံ့ဖြိုးတိုးတက်လာရန် ရည် ရွယ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို ဧပြီ ၁ ရက်ကစတင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနအောက်မှစီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့ခဲ့သည်။

Credit To :7daydaily >> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Adbox