Breaking

Adbox

Wednesday, 14 June 2017

မိုဗစ်လက်ရွေးစင်အဖြစ် ပြန်မကစားသင့်ဟု ၆၅ ရာခိုင်နှုန်းမဲပေး

ယူရို ၂၀၁၆ ပြိုင်ပွဲပြီးကတည်းက နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူသွားခဲ့သော ဆွီဒင်တိုက်စစ်မှူး မိုဗစ်သည် လက်ရွေးစင်အသင်းအတွက် ပြန်ကစားဖွယ်ရှိကြောင်း သတင်း များထွက်ပေါ်နေရာ ဆွီဒင်အွန်လိုင်းသတင်းစာ Aftonbladet မှ ပြန်ကစားသင့်၊ မသင့်ဆန္ဒမဲတစ်ရပ် ကောက်ခံခဲ့ရာအများစုက ပြန် မကစားသင့်ကြောင်း မဲပေးခဲ့ကြသည်။

မိုဗစ်သည် နိုင်ငံအတွက် ၁၁၆ ပွဲကစားကာ ၆၂ ဂိုးသွင်း ပေးထားပြီး နိုင်ငံ၏ ဂိုးအများဆုံးသွင်းထားသူအဖြစ် စံချိန်တင်ထားသော်လည်း ပရိသတ် တစ်သိန်းကျော် ဆန္ဒမဲပေးမှု၌ ၆၅ ရာခိုင်နှုန်းက လက်ရွေးစင်အသင်းတွင် ပြန်လည်အလို မရှိ တော့ဟု မဲပေးခဲ့ကြခြင်းဖြစ်သည်။

ဆွီဒင်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ကမ္ဘာ့ဖလားခြေ စစ်ပွဲတွင် ပြင်သစ်ကို အနိုင်ရရှိကာ အုပ်စုဗိုလ်နေရာကို တက်လှမ်းရ ယူနိုင်ခဲ့သည်။

Credit To : စံတော်ချိန် နေ့စဉ်သတင်းစာ>> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Adbox