Breaking

Adbox

Thursday, 15 June 2017

အလှမယ်၊ သရုပ်ဆောင် ဂျာဆိုင်းအိန်နှင့် တွေ့ဆုံခြင်း

' ပရိသတ်တွေက လက်ပြပေးတယ်၊ ခွန်အားတွေပေးတယ်၊ချစ်ပေးကြလို့ အများကြီး ကျေးဇူးတင်ပါတယ် ' 

မစ္စပြိုင်ပွဲများဖြစ်သော Miss Myanmar International, Miss Golden Land နှင့် Miss Asia Myanmar 2015 Winner ဆု Best Body Prefect ဆုများကို ရရှိခဲ့သော အလှမယ် ဂျာဆိုင်းအိန်သည် Miss Myanmar World 2017 တွင် 1st Runner Up ဆု၊Miss Healthy ဆုနှင့် Miss In Talent ဆုတို့ကိုရရှိထားကာ အနုပညာလှုပ်ရှားမှုများ အကြောင်း သူမနှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့သည်ကို စံတော်ချိန်ပရိတ်သတ်များအတွက်ဖော်ပြလိုက်ရပါသည်။

ညီမအနေနဲ့ 1st Runner Up ဆုရရှိတဲ့ ရင်တွင်းခံစားချက် စကားလေးပြောပါဦး။

ညီမတို့ Activitie တွေ စခန်းသွင်းလေ့ကျင့်ရတာ သုံးလလောက်ရှိခဲ့ပါတယ်။ မနေ့ကတော့ ညီမရဲ့ ကြိုးစားမှုရလဒ်အတွက် ကိုယ်တိုင်ရလဒ်ကောင်းဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ဆုရတာနဲ့ပတ်သတ်ပြီးတော့ စိတ်ကျေနပ်မှုလည်းရှိပါတယ်

ညီမ ဆုရခဲ့တဲ့ဆုကြေးတွေနဲ့ ဘာတွေလုပ်ကိုင်ဖို့ ရှိဦးမလဲ။

ညီမ ဆုကြေးရမှမဟုတ်ပါဘူး။ ဒီကြားထဲမှာလည်း ပရဟိတတွေလုပ်ဖြစ်ပါတယ်။ လုပ်စရာတွေကတော့ အများကြီးရှိပါတယ်။ညီမက ကချင်လူမျိုးဆိုတော့ ညီမတို့ကချင်မှာ စစ်ဘေးဒဏ်သင့်တာ ခြောက်နှစ်လောက်ရှိပါပြီ။ အဓိကကတော့ စစ်ဘေးအတွက်ပဲ လုပ်သွားဖြစ်မှာပါ။အမျိုးတွေလည်း တော်တော်ဒုက္ခရောက်နေတယ်။ညီမတို့ ဒီဘက်က အဆက်အသွယ်တွေနဲ့ လှူဒါန်းသွားမယ်။

ညီမက Air Ticket ဆုရထားတယ်ဆိုတော့ပြည်ပခရီးထွက်ဖို့ ရှိမလား။

ညီမအတွက် ခရီးထွက်ဖို့က မသေချာသေးပါဘူး။

ညီမ အရင်ကပြိုင်ပွဲတွေ ပြိုင်ခဲ့တာရှိရင် ပရိသတ်ကြီးကို ပြန်လည်မိတ်ဆက်ပေးပါဦး။

ညီမ အရင်က Miss Golden Land ရယ်၊ Miss Myanmar International လည်း ပြိုင်တယ်။ နောက် Miss Asia Myanmar 2015 မှာ ဆုနှစ်ဆုရခဲ့ပါတယ်။

ဆုရပြီး ပရိသတ်ကို ဘယ်လိုပုံစံတွေချပြဖို့ရှိဦးမလဲ။

ညီမအရင် ကချင်ဇာတ်ကားတွေ ရိုက်ခဲ့ပါတယ်။ အခု ဒီကြားထဲမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ရိုက်ထားတယ်။ ပထမဇာတ်ကားကတော့ Dimensions ရယ်၊ ဒုတိယဇာတ်ကားကတော့ မြို့ပြမုဆိုးများ ရိုက်ထားပါတယ်။ အဓိက
ကတော့ ကိုယ်ကအနုပညာကိုချစ်မြတ်နိုးတာမို့အနုပညာနဲ့ ပတ်သက်တာအားလုံး လုပ်သွားမှာပါ။ ရုပ်ရှင်ရိုက်ရင်းနဲ့ ဒီပြိုင်ပွဲကို တစ်ဖက်က ၀င်ပြိုင်ဖြစ်တာပါ။ နောက် ရုပ်ရှင်ဇာတ်ကားထပ်ရိုက်ဖို့လည်း ရှိပါတယ်။ ညီမအခု ဆုရသွားပြီဆိုတော့ရိုက်ဖြစ်ဖို့ သေချာလား၊ မသေချာလား မသိသေးပါဘူး။ မသေချာသေးလို့ပါ။ သေချာရင် ပရိသတ်ကို
အသိပေးမှာပါ။

ညီမက ဆုလည်းရထားတယ်။ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်နေသူတစ်ယောက်အနေနဲ့ ဘယ်ဘက်ကို ပိုပြီးဦးတည်သွားဖို့ရှိမလဲ။

ညီမက နှစ်ဖက်စလုံးကို ညီညီမျှမျှ လုပ်သွားမှာပါ။ အဓိကကတော့ သရုပ်ဆောင်ပိုင်းကိုပိုပြီးတော့ အားသန်ပါတယ်။ ညီမက လက်ရှိမှာအနုပညာအလုပ်တွေကို ကြိုးစားနေဆဲ၊ သင်ယူနေဆဲပါ။ လက်ရှိရိုက်ကူးထားတဲ့ မြို့ပြမုဆိုး ဇာတ်ကားမှာ ကာရိုက်တာက အက်ရှင်ကားဆိုတော့ဖိုက်တင်ကောင်မလေးတစ်ယောက်ပုံစံလေး ရိုက်ထားပါတယ်။

ပရဟိတလုပ်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။

ညီမ ပရဟိတလုပ်တယ်ဆိုတာ အဓိကတော့ စိတ်နဲ့ပဲလေ။ ငွေရေးကြေးရေးအားဖြင့်သော်လည်းကောင်း၊ လုပ်အားအဖြစ်သော်လည်းကောင်း အမြဲတမ်းပါဝင်လုပ်ကိုင်နေဖြစ်တယ်။အခုလည်း ပုံမှန်လေးပဲလုပ်ဖြစ်ပါမယ်။ ကိုယ်က
လှူဒါန်းလိုစိတ်၊လုပ်ပေးချင်စိတ်ရှိရင် အရာအားလုံးအတွက် ခံယူတဲ့သူအတွက်လည်း စိတ်ကျေနပ်မှုရှိတယ်။ ဆုရသွားလို့ ညီမ ထွေထွေထူးထူးပြောင်းလဲသွားတာ မရှိပါဘူး။ အဓိကတော့ကိုယ့်ရဲ့စိတ်ဓာတ်ပါပဲ။ စိတ်ဓာတ်လေး ဖြူစင်နေ
ဖို့ လိုပါတယ်။

ကချင်တိုင်းရင်းသူတစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုပြောချင်လဲ။

ညီမအနေနဲ့ အမြန်ဆုံးတော့ ငြိမ်းချမ်းရေးရချင်တာပေါ့။ စစ်ပွဲဖြစ်တယ်ဆိုတာ ဘယ်အရပ်ပဲဖြစ်ဖြစ် မကောင်းပါဘူး။ အကုန်လုံးပဲ။ ပြည်သူတွေလည်း အရမ်းဒုက္ခရောက်တယ်။ အခုဆိုခြောက်နှစ်ရှိပြီ။ အားလုံးအတွက် စိတ်မကောင်း
ဖြစ်မိတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးအမြန်ရချင်တယ်။ ဒီအတွက် အမြဲပဲဆုတောင်းပါတယ်။

ညီမအနေနဲ့ ပရိသတ်အတွက် စကားလက်ဆောင်ပြောပေးပါဦး။

ညီမကို ဒီဆုရအောင် အားပေးခဲ့တဲ့သူတွေကို အများကြီးကျေးဇူးတင်ပါတယ်။ သူတို့အားပေးလို့လည်း ညီမ Miss Myanmar World ရဲ့ 1st Runner Upဆု ရခဲ့တာပါ။ ဆက်လက် အားပေးကြပါဦး။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက လက်ပြပေးတယ်၊ ခွန်အားတွေပေးတယ်၊ ချစ်ပေးကြလို့အများကြီး ကျေးဇူးတင်ပါတယ်။

Credit To : စံတော်ချိန် နေ့စဉ်သတင်းစာ>> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Adbox