Breaking

Adbox

Tuesday, 13 June 2017

မြေပြင်၊ ဝေဟင် သွားနိုင်သည့် Gyro Drive ယာဉ်

ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ ကားထုတ်လုပ်သူတွေအနေနဲ့ ပျံသန်းနိုင်တဲ့ယာဉ်တွေကို အပြိုင်အဆိုင်ထုတ်လုပ်ဖို့ပြင်ဆင် ကြိုးစားနေတဲ့အချိန်မှာ ချက်နိုင်ငံက လေယာဉ်မှူးတစ်ဦး ဖြစ်သူ Pavel Brezina က မြေပြင်နဲ့ဝေဟင်မှာ ပါသွားနိုင်တဲ့ ယာဉ် Gyro Drive ကို တီထွင်နိုင်ခဲ့ပါတယ်။

အဆိုပါယာဉ်သည် Gyroplane မီနီရဟတ်ယာဉ်စနစ်ကို အခြေခံ တည်ဆောက်ထားကာ အထက်အောက်ပျံသန်းနိုင်ဖို့ ရဟတ်ယာဉ်ပန်ကာ ပုံစံရိုတာတွေကို အသုံးပြပြီး အရှေ့သွား နိုင်ရန်အတွက် တွန်းကန်အားကို အသုံးပြုထားတယ်လို့ Brezina ကဆိုပါတယ်။

လူနှစ်ဦးစီးနင်းအသုံးပြုနိုင်တဲ့ Gyro Drive ယာဉ်ကတော့ မြေပြင်မှာ တစ်နာရီကို ၄၀ ကီလိုမီတာသွားနိုင်ပြီး ဝေဟင်မှာ တော့ မီတာ ၁၀၀ အမြင့်ကနေ တစ်နာရီကို ကီလိုမီတာ ၁၈၀ အထိမောင်းနှင်နိုင်မှာဖြစ်ကာ ကမ္ဘာပေါ်မှာ နည်းလမ်းနှစ်မျိုးနဲ့ သွားလာနိုင်တဲ့ယာဉ်အဖြစ် ခွင့်ပြုချက်ရရှိလိမ့်မယ်လို့ Nirvana Systems ကုမ္ပဏီပိုင်ရှင်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Brezina က ပြောပါတယ်။

Credit To : စံတော်ချိန် နေ့စဉ်သတင်းစာ>> မှ ပြန်လည် မျဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Adbox