Breaking

Adbox

Thursday, 15 June 2017

MCPA DAY ၏ CAREER FAIR တွင် ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ခေါ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းအနေုဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ပူးပေါင်းကာ ICT လူ့စွမ်းအားအရင်း အမြစ်နှင့် ICT Industry ရှိ ကုမ္ပဏီများကို ချိတ်ဆက်ပေးရန် ရည်ရွယ်၍ MCPA Day ကို သြဂုတ်လ ၂ ရက်တွင် ရန်ကုန်ကွန် ပျူတာ တက္ကသိုလ်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

MCPA Day အခမ်းအနားမှာ ICT Career Development ဆိုင်ရာ ဟောပြော ဆွေးနွေးပွဲတွေနဲ့ အတူ ICT နည်း ပညာကို အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်း များကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်၊ မိမိတို့ ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော ICT လူ့စွမ်းအားအရင်းအမြစ်များ ကို ခေါ်ယူခန့်ထားနိုင်စေရန် ရည်ရွယ်၍ Career Fair ကိုပါ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အဆိုပြုလွှာကို မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း အဆောင် (၉)၊ မြေညီထပ်သို့ လူကိုယ်တိုင် သွားရာက်၍လည်းကောင်း၊ အီးမေးလ် – [email protected] သို့ ဆက်သွယ်၍ လည်းကောင်း ပါဝင်လိုသည့် ကုမ္ပဏီအမည်၊ Logo နှင့် Registration Fees – (၁၀၀,၀၀၀) ကျပ်ကို ၁၄-၇-၂၀၁၇ နောက်ဆုံးထားက ပေးသွင်းရမှာ ဖြစ်ပါတယ်။

အောင်သူ

No comments:

Post a Comment

Adbox