Breaking

Adbox

Thursday, 13 July 2017

သုံးစွဲသူ သန်းပေါင်းများစွာရဲ့ ACCOUNT ပေါက်ကြားမှုအပေါ် တုံ့ပြန်လိုက်တဲ့ VERIZON

မကြာသေးခင်က သုံးစွဲသူ account သန်းပေါင်းများစွာ ပေါက်ကြားမှုအပေါ် Verizon ကုမ္ပဏီက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ Verizon နဲ့ပူးပေါင်းထားတဲ့ Nice Systems က ဝန်ထမ်းတစ်ဦးဟာ Verizon သုံးစွဲသူ အချက်အလက် ၁၄ သန်းကို မလုံခြုံတဲ့ Amazon ဆာဗာတစ်ခုပေါ်မှာ သိမ်းဆည်းခဲ့တဲ့အတွက်ကြောင့် အခုလို ပေါက်ကြားခဲ့တာဖြစ်တယ်လို့ ZDNet ကဖော်ပြခဲ့ပါတယ်။

“မီဒီယာတစ်ခုက ဖော်ပြခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့နဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက cloud storage area ထဲမှာ အချက်အလက်တွေကို သိမ်းဆည်းခဲ့ပါတယ်။ ပြင်ပကသုံးခွင့်ရှိဖို့ storage ကို မမှန်မကန် ပြုလုပ်ထားခဲ့ပြီး အဲဒီ cloud storage area ကို Verizon ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီအပြင် သုတေသီတစ်ဦးကပဲ အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာကတော့ Verizon ရဲ့ သုံးစွဲသူအချက်အလက် ခိုးယူခံရတာ မရှိပါဘူး” လို့ Verizon ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

သုံးစွဲသူအချက်အလက်ပေါက်ကြားမှုအပေါ် ပုံကြီးချဲ့နေတယ်လို့လည်း Verizon ကပြောခဲ့ပါတယ်။ “အချက်အလက် ပေါက်ကြားမှုအတွင်းက PIN တွေကလည်း သုံးစွဲသူ account နဲ့ချိတ်ဆက်နေတာ မဟုတ်ပါဘူး၊ အဲဒီနံပါတ်တွေဟာ call center တွေက သုံးစွဲသူတွေကို အတည်ပြုတဲ့အခါ သုံးတဲ့နံပါတ်တွေဖြစ်တယ်”လို့ Verizon က ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: CNBC

No comments:

Post a Comment

Adbox