Breaking

Adbox

Thursday, 13 July 2017

တစ်ဦးပုံစံ တစ်ဦးကြည့်ပြီး သရုပ်ဆောင်ကြတဲ့ မြင့်မြတ်နဲ့ ဖွေးဖွေး

မြင့်မြတ်နှင့် ဖွေးဖွေးတို့ စိတ်နှင့် ခန္ဓာကိုယ်ချင်းလွဲသွားသူ များအဖြစ် သရုပ်ဆောင်ထား သည့် ‘ဘုန်းကညာနှစ်ပါး’ရုပ်ရှင် ဇာတ်ကားကို ဇူလိုင် ၂၁ ရက်တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း  သ တင်းရရှိသည်။

‘‘ဇာတ်လမ်းပုံစံအရတော့ ကျွန်တော်က   ကျောက်ပန်း တောင်းသား    ဖွန်ကြောင်တယ် ပေါ့။ နောက်ပြီး ဖွေးဖွေးနဲ့ ကား ပေါ်မှာတွေ့တော့လည်း တောက် လျှောက်ဖွန်ကြောင်တယ်။ ပြီး တော့ ကားအက်ဆီးဒင့်ဖြစ်ပြီး ဝိညာဉ်ချင်းချိန်းသွားတယ်ပေါ့’’ ဟု ယင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် မြင့်မြတ် က ပြောသည်။

‘ဘုန်းကညာနှစ်ပါး’ရုပ်ရှင် ဇာတ်ကား၏ နမူနာဗီဒီယိုဖိုင်ကို ဇူလိုင် ၅ ရက်တွင် အဆိုပါဇာတ် ကားအမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌   တင်ခဲ့ရာ   ခုနစ်ရက် အတွင်း ကြည့်ရှုသူ လေးသန်းခွဲ ကျော်ရှိခဲ့သည်။

‘‘ကိုမြင့်မြတ်ပရိသတ်တွေ ကလည်း အများကြီး၊ ကိုယ်ကိုယ် တိုင်ကတော့ ကိုမြင့်မြတ် ပရိသတ်ဆိုတော့ စမ်းကြည့်ချင်တယ်။ နည်းနည်းတော့ အန္တရာယ်များ တယ်။ မိန်းကလေးအနေနဲ့ တွေး မယ်ဆိုရင်တော့ ပုဆိုးကြီး ကွင်း သိုင်းရတာက သရုပ်ပျက်တာ ပေါ့။ ဒါပေမဲ့ ကာရိုက်တာအရဆို ရင်တော့ သရုပ်မပျက်ဘူး။ မိန်း ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ယောက်ျားလေးရောက်လာ ရင်ဖြစ်မယ့် အက်တင်တွေပဲ ဖွေး လုပ်ထားပါတယ်’’ဟု ယင်းဇာတ် ကားနှင့်ပတ်သက်၍ ဖွေးဖွေးက ပြောသည်။

စိတ်နှင့် ခန္ဓာလွဲသွားသည့် ပုံစံ သရုပ်ဆောင်ရခြင်းဖြစ်သော ကြောင့် တစ်ယောက်သရုပ် ဆောင်သည့်အချိန်တွင် တစ် ယောက်က ကြည့်ထားပြီး တစ် ယောက်နှင့်တစ်ယောက် ညှိနှိုင်း ၍ ရိုက်ကူးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းဇာတ်ကားနှင့်  ပတ် သက်၍ အားပေးသူများပြားခဲ့ သလို ဇာတ်ဝင်ခန်းအချို့နှင့်ပတ် သက်ပြီး ဝေဖန်မှုများလည်းရှိခဲ့ရာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ‘‘လူတစ်ကိုယ်စိတ်တစ်မျိုးဆို တော့ သူတို့လည်း သူတို့မြင်တဲ့ ဘက်ကနေ ပြောတာ။ ဦးတို့က လည်း ရည်ရွယ်ပြီး ရိုက်ကူးတာ မဟုတ်ဘူး’’ဟု ပြောသည်။

No comments:

Post a Comment

Adbox