Breaking

Adbox

Thursday, 13 July 2017

ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေးအတွက် မလေးရှား ရဲတပ်ဖွဲ့အင်အားကို ပိုမိုတိုးမြှင့်လျက်ရှိ

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်အား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံသည် ပြိုင်ပွဲအား လက်ခံကျင်းပရန် ရက် ၃ဝ ကျော်သာ လိုအပ်တော့သည့် အချိန်တွင် လာရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများ၏ လုံခြုံရေးနှင့် ဒေသတွင်း ပရိသတ်များ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ပိုမိုတိုးမြှင့်ချထားလျက် ရှိသည့်အပြင် လေ့ကျင့်မှုများအား အစဉ်မပြတ် ပြုလုပ်လျက်ရှိကြောင်း thestar.com ၏ ဖော်ပြချက်အရ သိရသည်။ 

မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ခံများသည် သြဂုတ် ၁၉ ရက်တွင် ပြုလုပ်မည့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် သြဂုတ် ၃ဝ ရက်တွင် ပြီးဆုံးမည့် အခမ်းအနားပိတ်ပွဲများ၌ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများ မရှိစေရေးအတွက် ရဲအရာရှိ ၂ဝဝဝ ကျော်အပြင် အရပ်ဘက် ပုဂ္ဂလိက လုံခြုံရေးအရာရှိများနှင့်အတူ Volenteer များ၏ အကူအညီကို ရယူမည်ဖြစ်ကြောင်းလည်း သိရသည်။

''လုံခြုံရေးအနေနဲ့ အဓိကပစ်မှတ်နှစ်ခုကို တိကျသေချာစွာ လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ခံရပြီဆိုလျှင် ဓားစာခံကယ်တင်ရေး၊ အသေခံ ဗုံးဖောက်ခွဲမည့် အခြေအနေများ အပါအဝင် အကြမ်းဖက်သမားများအပေါ် တန်ပြန်တုံ့ပြန်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် လုံခြုံရေးတွေ ချမှတ်ထားပါတယ်။ ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအခြေအနေကို အမြင့်ဆုံးအခြေအနေမှာ အသင့်ရှိနေပါတယ်''ဟု လုံ ခြုံရေးအရာရှိချုပ် အဘာအဇစ်က ဆိုခဲ့သည်။


လက်ရှိ သတင်းထုတ်ပြန်ချက်များအရ ဆီးဂိမ်းပြိုင်ပွဲအား အာဆီယံနိုင်ငံ ၁၁ နိုင်ငံမှ အားကစားနည်းအားလုံးအတွက် ကစားသမားပေါင်း ၄၈၈၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးမှ သတင်းထုတ်ပြန်ထားခဲ့ပြီး လာရောက်အားပေးမည့် ပရိသတ်များကြောင့် မလေးရှားနိုင်ငံအတွင်း ပရိသတ်ပေါင်း ငါးသိန်းခန့် လာရောက်ဖွယ်ရှိနေကြောင်းလည်း သုံးသပ်ဖော်ပြမှုများ ရှိနေခဲ့သည်။



WKM

#theyangontimes

No comments:

Post a Comment

Adbox